ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးနှင့် IOM (International Organization for Migration ) အဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအခြေခံသင်တန်းကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမတွင် (၁၃-၃-၂၀၁၇) ရက်နေ့၌ ဖွင့်လှစ်ခဲ့ပြီး သင်တန်း ကာလမှာ (၁၃-၃-၂၀၁၇) ရက်နေ့မှ (၁၇-၃-၂၀၁၇) ရက်နေ့အထိ (၅) ရက်ကြာမြင့်မည်ဖြစ်ပါသည်။ အဆိုပါ သင်တန်းတွင် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ(မြို့နယ်အဆင့် အရာထမ်း/ အမှုထမ်း) များ (၃၂) ဦးအပါအဝင် စုစုပေါင်း (၅၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) တာဝန်ရှိသူတစ်ဦးမှ ဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့ပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် IOM တာဝန်ရှိပုဂ္ဂိုလ်အသီးသီးမှလည်း အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)