ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆-၃-၂၀၁၇) ရက်နေ့တွင် လောက်ကိုင်ဒေသ၌ဖြစ်ပွားသော စစ်ပွဲကြောင့် လားရှိုးမြို့၊ မန်ဆူရှမ်းဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူ (၁၂၁၈) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ထောက်ပံ့ငွေ (၂,၅၅၇,၈၀၀) ကျပ်၊ ဆီဖိုးထောက်ပံ့ငွေ (၄၈၆,၀၀၀) ကျပ်နှင့် ငါးသေတ္တာဖိုးထောက်ပံ့ငွေ (၂၉၁,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃,၃၃၅,၄၀၀) ကျပ်တို့အား (၁၀-၃-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ မန်ဆူရှမ်းဘုန်းကြီးကျောင်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည္။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)