ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

13_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၁၇) ရက်နေ့ တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာအုပ်စု နောင်ဆာကချင်ရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ တက် ရောက်သူဦးရေ (၁၀၀) ဦးခန့်တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် သဘာဝဘေးအသိပညာပေးလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ များကပ်ပေးခြင်း၊ အရေးပေါ်ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်ရေးသား ကပ်ပေးခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်ဖြန့်ဝေပေး ခင်း၊လက်ကမ်းစာများဖြန့်ဝေပေးခြင်း၊ လေပြင်းဘေးနှင့်ပတ်သက်၍ပြည်သူသို့ ပန်ကြားချက်ဟောပြောခြင်း၊ DAN Mobile Application စတစ်ကာကပ်ပေးခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကျိုုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events