မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝ ဘေး အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၂-၃၂၀၁၇) ရက်နေ့ မြောင်းမြမြို့၊ ပြင်ရွာကျေးရွာအုပ်စု ပြင်ရွာကျေးရွာတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ နေပြည်သူလူထု (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် တက်ရောက်လာသည့်ပြည်သူများအား ဦးစီးဌာန၏ လုပ်ဆောင်ချက်များရှင်းလင်းခြင်း၊ DAN Mobile Application Software ရှင်းလင်းခြင်း၊ သဘာဝဘေးနှင့်ပတ်သတ် သည့် ဆောင်ရန်ရှောင်ရန်များအား ဆွေးနွေးခြင်း၊ ဘေး (၈) မျိုး လက်ကမ်းစာစောင်များဝေဌခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ဘေး (၈) မျိုး ပိုစတာပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events