Category Archives: News
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ရေသန့်စက် သုံးပုံသုံးနည်းများရှင်းလင်းပြောကြားမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်၊ (၁၁းဝ၀) နာရီတွင် ပေါက်တောမြို့နယ်၊ သောက်ရေရှားပါးပြတ်လပ်သည့် ကျေးရွာများအတွက် ရေသန့်စက် (၂) လုံးနှင့် ရေသန့်ဆေးဗူး (၂၉) ဗူးအား မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမ၌ ထောက်ပ့ံပေးခဲ့ပြီး ၊ ဆေးသုံးပုံ သုံးနည်းများကိုလည်း စမ်းသပ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ၌ မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ထပ်မံထောက်ပံ့မှုသတင်း
(၃၀-၃-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၁) လုံးမှ အိမ်ထောင်စု (၁၁) စုအတွက် (၆-၄-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင်(၂၀၀၀၀၀) ကျပ်နှုန်းဖြင့် (၂၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၉၂၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၂၉၂၄၀၀) ကျပ်တိတိအား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ နမ့်ဆန်မြို့နယ်အုပ်ချုပ်ရေးမှူးအမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတဆင့် လွှဲပြောင်းထောက်ပ့ံပေးအပ်ခဲ့ပြီးဖြစ်ကြောင်း … Read more
-
သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ထိရောက်စွာဖော်ဆောင်ပေးနိုင်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်မှုသတင်း (၉.၄.၂၀၁၇)
သဘာဝဘေးကိုတုံ့ပြန်ရန် အစဉ်အမြဲအသင့်ဖြစ်နေစေရေး၊ သဘာဝဘေးနှင့် ပတ်သက်၍ ဘေးဒဏ်ခံနိုင်စွမ်းရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်စေရေး၊ ယခင်နှစ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့မှုများကို သင်ခန်းစာယူ၍ ယခုနှစ်တွင် ကြိုတင်ပြင်ဆင်မှု အပိုင်းကို အလေးထားပြီး ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်နိုင်စေရေး ပြည်သူ၏ လိုအပ်ချက်များကို သိရှိဖော်ဆောင်ပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေ သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့မွန်းလွဲပိုင်းက သာပေါင်းမြို့နယ်၊ မအူပင်ဒေါင့် ကျေးရွာသို့သွားရောက်၍ အဆိုပါကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများမှ … Read more
-
ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၁) စုအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း
(၆-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု၊ ရေဆန်ကျေးရွာ၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် အိမ် (၁) လုံး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁) အိမ်ထောင်စာ၊ ဆန် (၇) ရက်စာဖိုးငွေ (၆၃၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀) ကျပ်တိတိအား (၉-၄-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး … Read more
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာတို့၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် လေဘေးသင့်ခဲ့သော အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀) ကျပ်တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more
-
(၃-၄-၂၀၁၇) ရက်နေ့၌ ရွှေကူမြို့နယ်တွင် ဖြစ်ပွားသောလေဘေးအတွက် ထောက်ပံမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ရွှေကူမြို့နယ်တွင် ဖြစ်ပွားသော လေဘေးကြောင့် အိမ်ထောင်စု (၁၉၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီနှင့် အိမ်ထောင်စု (၂၂၄) စုအတွက် ဆန်ဖိုးငွေ (၂၁၁၀၅၀၀ိ/-) ကျပ်၊ အိမ်ခြေ (၁၉၉) လုံးအတွက် ထောက်ပံံ့ငွေ (၁၉၉၀၀၀၀၀ိ/-) ကျပ်၊ ဘာသာရေးအဆောက်အဦး (၉) လုံးအတွက် ထောက်ပံငွေကျပ် (၉၀၀၀၀၀ိ/-) နှင့် လေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) … Read more
-
ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ -၄- ၂၀၁၇) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာများ၌ လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၄) စု၊ လေဘေးသင့်ပြည်သူ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၃၁၀၀/-)၊ ပြိုကျပျက်စီး နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၄၀၀၀၀၀/-) ကျပ် စုစုပေါင်း (၄၂၃၁၀၀/-) ကျပ်အား အင်္ဂပူမြို့နယ် … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ရိုးပုံကျေးရွာနေပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေး မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ရိုးပုံကျေးရွာမှ အိမ်ထောင်စု (၃၅၀)၊ လူဦးရေ (၂,၇၀၀) ဦးအတွက် သောက်သုံရေ ဂါလံ (၁,၃၀၀) အား (၉-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာတွင် (၁-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ် မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံး ပျက်စီးခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါလေဘေးသင့် အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၈၉၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် စုစုပေါင်း (၂၁၈၉၀၀)ကျပ်တို့ကို (၇-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနေပြည်သူများ အတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သဲကုန်းမြို့နယ်၊ ဇလဲ့ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာမှ အိမ်ထောင်စု (၁၀၀)၊ လူဦးရေ (၄၀၀) ဦးအတွက် သောက်သုံရေ ဂါလံ (၁၀၀၀) အား (၈-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









