ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄ -၄- ၂၀၁၇) ရက်နေ့တွင် ဟင်္သာတ ခရိုင်၊ အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာများ၌ လေဘေးဖြစ်ပွားခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၄) စု၊ လေဘေးသင့်ပြည်သူ (၁၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၂၃၁၀၀/-)၊ ပြိုကျပျက်စီး နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်း ရန်ပုံငွေ (၄၀၀၀၀၀/-) ကျပ် စုစုပေါင်း (၄၂၃၁၀၀/-) ကျပ်အား အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများအား လက်တလောစားဝတ်နေရေးပြေလည်စေ ရန်ရည်ရွယ်၍ သွားရောက်ထောက်ပ့ံပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)