ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ပိန္နဲကွင်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာနှင့် ဂွက်ကြီးကျေးရွာတို့၌ (၄-၄-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားသော လေဘေးကြောင့် လေဘေးသင့်ခဲ့သော အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀) ကျပ်တို့အား (၇-၄-၂၀၁၇) ရက်နေ့တွင် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)