လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာတွင် (၁-၄-၂၀၁၇)ရက်နေ့က လေပြင်းတိုက်ခတ် မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂)လုံး ပျက်စီးခဲ့ပါသည်။ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဆိုပါလေဘေးသင့် အိမ်ထောင်စု (၂)စုမှ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၁၈၉၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀)ကျပ် စုစုပေါင်း (၂၁၈၉၀၀)ကျပ်တို့ကို (၇-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events