ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၄-၂၀၁၇) ရက်၊ (၁၁းဝ၀) နာရီတွင် ပေါက်တောမြို့နယ်၊ သောက်ရေရှားပါးပြတ်လပ်သည့် ကျေးရွာများအတွက် ရေသန့်စက် (၂) လုံးနှင့် ရေသန့်ဆေးဗူး (၂၉) ဗူးအား မြို့နယ်အုပ်ချုပ်ရေးမှူးခန်းမ၌ ထောက်ပ့ံပေးခဲ့ပြီး ၊ ဆေးသုံးပုံ သုံးနည်းများကိုလည်း စမ်းသပ်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)