
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃-၄-၂၀၁၇) ရက်နေ့၌ ရွှေကူမြို့နယ်တွင် ဖြစ်ပွားသော လေဘေးကြောင့် အိမ်ထောင်စု (၁၉၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးစီ၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးစီနှင့် အိမ်ထောင်စု (၂၂၄) စုအတွက် ဆန်ဖိုးငွေ (၂၁၁၀၅၀၀ိ/-) ကျပ်၊ အိမ်ခြေ (၁၉၉) လုံးအတွက် ထောက်ပံံ့ငွေ (၁၉၉၀၀၀၀၀ိ/-) ကျပ်၊ ဘာသာရေးအဆောက်အဦး (၉) လုံးအတွက် ထောက်ပံငွေကျပ် (၉၀၀၀၀၀ိ/-) နှင့် လေဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း (၂၂၉၆၀၅၀၀ိ/-) ကျပ်တို့အား (၉-၄-၂၀၁၇) ရက်နေ့၊ နံနက်(၁၁းဝ၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)