(၃၀-၃-၂၀၁၇) ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကယားလမ်းကျေးရွာအုပ်စု၊ ကယားလမ်းကျေးရွာ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် ဘေးသင့်ခဲ့သည့် အိမ်ခြေ (၁၁) လုံးမှ အိမ်ထောင်စု (၁၁) စုအတွက် (၆-၄-၂၀၁၇) ရက်နေ့နံနက်ပိုင်းတွင် အိမ်ဆောက်ပစ္စည်းဖိုး (၁) အိမ်လျှင်(၂၀၀၀၀၀) ကျပ်နှုန်းဖြင့် (၂၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၄၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးငွေ (၉၂၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၂၂၉၂၄၀၀) ကျပ်တိတိအား ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ နမ့်ဆန်မြို့နယ်အုပ်ချုပ်ရေးမှူးအမည်ဖြင့် မြန်မာ့စီးပွားရေးဘဏ်မှတဆင့် လွှဲပြောင်းထောက်ပ့ံပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)