Category Archives: News
-
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မင်းကောင်းချောင်းအတွင်းစက်လှေနစ်မြုပ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ခြင်း
– ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားကြီးအားဖူးမျှော်ရန် အမ်းမြို့နယ်မှ ခုတ်မောင်းလာသော ခရီးသည် (၆၀) ဦးပါ စက်လှေသည် ( ၁၃ – ၄- ၂၀၁၇ ) ရက်နေ့ (၀၅းဝ၀) အချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်အကွာ မေလွန်းကျေးရွာအနီးတွင် စက်လှေပန်ကာ ငါးဖမ်းပိုက်ကြိုးငြိ၍ တိမ်းမှောက်ခဲ့ရာ စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး (၈) ဦးသေဆုံးခဲ့ပါကြောင်း ။ – အဆိုပါ စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူ … Read more
-
အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦးခန့် တင်ဆောင်လာသော စက်လှေနစ်မြုပ်မှုကြောင့် ထိခိုက်ခံစားရသူများအတွက် ကနဦးထောက်ပံ့မှုသတင်း
ထပ်မံရရှိသော သတင်းများအရ- ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီးအား ဖူးမျှော်ရန်အတွက် အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦးခန့် တင်ဆောင်လာသော စက်လှေ (အမည်မရှိ) သည် (၁၃-၄-၂၀၁၇) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်ခန့်အကွာ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာအနီး၌ စက်လှေပန်ကာမှာ ငါးဖမ်းပိုက်ကြိုးဖြင့် ငြိကာ တိမ်းမှောက်နစ်မြုပ်ခဲ့ရပြီး စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေးခဲ့ပြီး (၇) ဦးသေဆုံးကာ (၁) ဦးမှာ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
(၁၂-၄-၂၀၁၇) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်၌ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာအုပ်စု၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ဒေသသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကမှူး၊ မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာ၊ Family Kids (၅) စုံ၊ ခေါင်းအုံး … Read more
-
သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ပဒါန်းခိုကျေးရွာသို့ ဂါလံ (၁၀၀၀) ဆန့် ရေသယ်ယာဉ် (၂)စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါပေါ်ကူးကျေးရွာများသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၂) စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါခလိုဒူကျေးရွာသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၃) စီး စုစုပေါင်း ရေသယ်ယာဉ် (၇) စီးနှင့် ရေသန့်ဆေးထုပ်များကို (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ … Read more
-
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက် ဗွီနိုင်းစိုက်ထူမှုသတင်း
လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ပန်ကြားချက်အား ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဆုံကုန်းကျေးရွာအုပ်စု၊ ကားလမ်းနှင့် ရထားလမ်းဆုံရာ၌ အများပြည်သူကြည့်ရှုဆောင်ရွက်နိုင်ရန် (၁၂-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများနှင့် အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဗွီနိုင်းစိုက်ထူခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁၈၉) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၇၈၀,၀၀၀) ကျပ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို (၁၁-၄-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကလေးခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်ပြီး ကလေးမြို့နယ် စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး … Read more
-
အင်္ဂပူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကြို့ပင်စုနှင့် ထုံးပေါ်ကျေးရွာများတွင် (၄-၄-၂၀၁၇)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်း တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီး အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၄၆,၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ဆယ်ရေးရန်ပုံငွေ (၄၄၆,၂၀၀) ကျပ်၊ ကြို့ပင်စုဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးအတွက် (၁၀၀,၀၀၀)ကျပ်၊ တို့ကို (၁၂-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး-၂နှင့် ဝန်ထမ်းများသည် အင်္ဂပူ … Read more
-
အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦး တင်ဆောင်လာသော စက်လှေနစ်မြုပ်မှု ကနဦးသတင်း
ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရားကြီးအား ဖူးမျှော်ရန်အတွက် အမ်းမြို့နယ်မှ ကျောက်တော်သို့ မင်းကောင်းချောင်းအတိုင်း ခရီးသည် (၆၀) ဦး တင်ဆောင်လာသော စက်လှေ (အမည်မရှိ) သည် (၁၃-၄-၂၀၁၇) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်ခန့်အကွာ မင်းပြားမြို့နယ်၊ မေလွန်းကျေးရွာအနီး၌ စက်လှေပန်ကာမှာ ငါးဖမ်းပိုက်ကြိုးဖြင့် ငြိ၍ တိမ်းမှောက်ခဲ့ပါသည်။ အဆိုပါ စက်လှေနစ်မြုပ်မှုကြောင့် စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦး အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ပေးခဲ့ပြီး (၇) ဦးသေဆုံးကာ (၁) ဦးမှာ … Read more









