မီးဘေးထောက်ပံ့မှုသတင်း

(၁၂-၄-၂၀၁၇) ရက်နေ့၊ (၁၇:၃၀) နာရီအချိန်၌ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ နဂါးပေါက်ကျေးရွာအုပ်စု၌ မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် (၅) လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ (၁၂) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်ဒေသသို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးသည် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝကမှူး၊ မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာ၊ Family Kids (၅) စုံ၊ ခေါင်းအုံး (၁၂) လုံး၊ ခေါက်ဆွဲခြောက် (၅) ဖာ၊ ရေသန့်ကဒ် (၅) ကဒ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) အိမ်လျှင် (၁၀၀,၀၀၀) နှုန်းဖြင့် (၅၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာ (၁) ဦးလျှင် (၂,၁၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ (၂၅,၂၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၅၂၅,၂၀၀) ကျပ်တို့အား (၁၃-၄-၂၀၁၇) ရက်နေ့ တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events