အင်္ဂပူမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

h1 h2 h3 h4

အင်္ဂပူမြို့နယ်၊ ကုန်းပြင်အုပ်စု၊ ကြို့ပင်စုနှင့် ထုံးပေါ်ကျေးရွာများတွင် (၄-၄-၂၀၁၇)ရက်နေ့တွင်ဖြစ်ပွားသော လေပြင်း  တိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီး အိမ်ခြေ (၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးကိုလည်းကောင်း၊ အမိုးလန်ပျက်စီး အိမ်ခြေ (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀)၊ လူဦးရေ (၂၂) ဦးအတွက် ဆန်ရိက္ခာဖိုး (၄၆,၂၀၀) ကျပ်၊ စုစုပေါင်း ကယ်ဆယ်ဆယ်ရေးရန်ပုံငွေ (၄၄၆,၂၀၀) ကျပ်၊ ကြို့ပင်စုဘုန်းတော်ကြီးကျောင်း အမိုးလန်ပျက်စီးအတွက် (၁၀၀,၀၀၀)ကျပ်၊ တို့ကို (၁၂-၄-၂၀၁၇) ရက်နေ့တွင် ဟင်္သာတခရိုင်ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုး-၂နှင့် ဝန်ထမ်းများသည် အင်္ဂပူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးထွန်းလင်းခိုင်နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events