ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မင်းကောင်းချောင်းအတွင်းစက်လှေနစ်မြုပ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ခဲ့ခြင်း

6NI 77N Q QW QWER TU viber image viber imageUUM viber imageV WER6

– ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားကြီးအားဖူးမျှော်ရန် အမ်းမြို့နယ်မှ ခုတ်မောင်းလာသော ခရီးသည် (၆၀) ဦးပါ စက်လှေသည် ( ၁၃ – ၄- ၂၀၁၇ ) ရက်နေ့ (၀၅းဝ၀) အချိန်တွင် မင်းပြားမြို့မှ (၁၅) မိုင်အကွာ မေလွန်းကျေးရွာအနီးတွင် စက်လှေပန်ကာ ငါးဖမ်းပိုက်ကြိုးငြိ၍ တိမ်းမှောက်ခဲ့ရာ စက်လှေပေါ်ပါ (၆၀) ဦးအနက် (၅၂) ဦးအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး (၈) ဦးသေဆုံးခဲ့ပါကြောင်း ။

– အဆိုပါ စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူ (၈) ဦးအတွက် တစ်ဦးလျှင္(၃) သိန်းနှုန်းဖြင့် ထောက်ပံ့ ငွေ (၂၄) သိန်း၊ ဆေးရုံးတက်ကုသရသူ (၈) ဦးအတွက် တစ်ဦးလျှင် (၅) သောင်းနှုန်းဖြင့် (၄)သိန်း၊ စုစုပေါင်း (၂၈) သိန်းနှင့် အသက်ရှင်ကျန်ရစ်သူများအတွက် လတ်တလောလိုအပ်သည့် ကျားလုံချည်၊ မလုံချည်၊ တီရှပ်နှင့် တဘက်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ရခိုင် ပြည်နယ်ဦးစီးမှူးရုံးနှင့် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ချက်ချင်းသွားရောက် ထောက်ပံ့ ခဲ့ပါသည်။

Sign Up

Upcoming Events