သောက်သုံးရေ ဖြန့်ဝေပေးခြင်းနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုသတင်း

13 Pic 02 13 Pic 03 13 Pic 04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နွေရာသီသောက်သုံးရေရှားပါးလျက်ရှိသော ဒီးမော့ဆိုမြို့နယ်၊ ဝါဘန်းပလိုကျေးရွာအုပ်စု၊ ပဒါန်းခိုကျေးရွာသို့ ဂါလံ (၁၀၀၀) ဆန့် ရေသယ်ယာဉ် (၂)စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါပေါ်ကူးကျေးရွာများသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၂) စီး၊ ဒေါတော်ကူးကျေးရွာအုပ်စု၊ ဒေါခလိုဒူကျေးရွာသို့ ဂါလံ (၄၀၀) ဆန့် ရေသယ်ယာဉ် (၃) စီး စုစုပေါင်း ရေသယ်ယာဉ် (၇) စီးနှင့် ရေသန့်ဆေးထုပ်များကို (၁၁-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရန် ပြည်သူသို့ ပန်ကြားချက် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events