ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၃-၂၀၁၇) ရက်နေ့တွင် ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်နေအိမ် (၁၈၉) လုံးအတွက် တစ်အိမ်လျှင် (၂၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၃၇၈၀,၀၀၀) ကျပ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို (၁၁-၄-၂၀၁၇) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကလေးခရိုင်ဦးစီးမှူးရုံးမှ ဦးဆောင်ပြီး ကလေးမြို့နယ် စုပေါင်းရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)