Category Archives: News
-
မှော်ဘီဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဂေဟာနှင့် နှင်းဆီကုန်းဘိုဘွားရိပ်သာများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်း မြတ်အေးသွားရောက်ကြည့်ရှု ထောက်ပံ့မှုသတင်း (၃၀-၄-၂၀၁၇)
လူမှုရေးအရကာကွယ်စောင့်ရှောက်ရန်လိုအပ်သောသူများကိုခေတ္တပြုစုစောင့်ရှောက်လျက်ရှိသောရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်း မြတ်အေးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်နှင့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းမှုများဆောင်ရွက်ခဲ့ပါသည်။ လူမှုစောင့်ရှောက်ရေးဂေဟာ(၀ါးနက်ချောင်း)သည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တိုင်းအုပ်ချုပ်ရေးအဖွဲ့မှ စတင်တည်ထောင်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် လူမှုရေးအရကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်သူများကိုလက်ခံကာပြုစုစောင့်ရှောက်ခဲ့ကြကြောင်း၊ ယခုပြည်သူ့အစိုးရလက်ထက်တွင် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိပြီးလူ့ဂုဏ်သိက္ခာပြည့်စုံသော လူ့အသိုက်အဝန်း ဖြစ်ပေါ်ရေးအတွက် အစောင့်ရှောက်ခံရသူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များးကိုပိုမိုကောင်းမွန်သောအြခေအနေသို့ ရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းပါဝင်ကြမည့် လူမှုအဖွဲ့အစည်းများနှင့် ငွေကြေးသုံးစွဲမှုအစီအမံများ၊ ပိုမိုကောင်းမွန်သောအုပ်ချုပ်မှုစနစ်တကျဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဒေသခံတာဝန်ရှိသူများနှင့် … Read more
-
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေမှုသတင်း
ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဆားကျင်းကျေးရွာတွင် (၂၉.၄.၂၀၁၇) နေ့ လေဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၂၄) အိမ်ထောင်စာအား (၃၀.၄.၂၀၁၇) နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သွားရောက်ထောက်ပ့ံပေးပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး ပြည်သူသို့ပန်ကြားချက် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
တရုတ်နိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့်မြန်မာနိုင်ငံသားများပြန်လည် ရောက်ရှိမှုနှင့်နေရပ်ဒေသများသို့ပြန်လည်ပို့ဆောင်မှုအခြေအနေ
တရုတ်နိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသောမြန်မာနိုင်ငံသားကျား(၁၁၀)ဦး၊မ(၅၁)ဦး၊ စုစုပေါင်း(၁၆၁)ဦးတို့သည်ချင်းရွှေဟော်မှတဆင့်လားရှိုးမြို့သို့(၂၈-၄-၂၀၁၇)နေ့ (၂၃း၀၀)အချိန်တွင် ပြန်လည်ရောက်ရှိလာရာလူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူပူးပေါင်း၍ ၄င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိရာ(၂၉-၄-၂၀၁၇)နေ့နံနက်(၀၇း၄၅)အချိန်တွင်လားရှိုးမြို့မှမန္တလေးမြို့သို့မော်တော်ယာဥ်များဖြင့်ပို့ဆောင်ခဲ့ပြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများကလတ်တလောလိုအပ်သည့် အသုံးအဆောင်များနှင့် ဆန်(၇)ရက်စာတို့ကိုထောက်ပံ့ပေးခဲ့ကြောင်းနှင့်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများက လားရှိုးမြို့မှပို့ဆောင်ခဲ့သည့် ပြန်လည်ရောက်ရှိလာသူများကိုကြိုဆိုခဲ့ပြီးလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာပြန်လည်၀င်ရောက်လာသူတို့၏ မူလနေရပ်ဒေသများဖြစ်သောမြစ်ကြီးနား၊ တမူး၊မကွေးမြို့များသို့ မော်တော်ယာဥ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ငှက်အော်စမ်းလူငယ်သင်တန်းသားများကိုအသက်မွေးဝမ်းကြောင်းပညာရပ် အတတ်သင်ကြားပေးမည်
၂၉.၄.၂၀၁၇ လူမှုဝန်ထမ််း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများကိုမူဝါဒ၊ ဥပဒေများ၊ မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အိုမင်းမစွမ်းနှင့် အိုမင်းစွမ်းများဟူ၍ရှိရာအိုမင်းမစွမ်းများအတွက် ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများက စောင့်ရှောက်သော ဂေဟာများသည် အစိုးရကသက်မှတ်ချက်များနှင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အိုမင်းသော်လည်းလုပ်ကိုင်နိုင်စွမ်းရှိသော အိုမင်းစွမ်းများအတွက် မိမိတို့ဘဝရပ်တည်နိုင်ရေး၊ အိုမင်းစွမ်းသူအချင်းချင်းပူးပေါင်းစောင့်ရှောက်မှုနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်းများကိုလည်းအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့ကူညီလျက်ရှိကြောင်း၊ ပြည်သူ့အစိုးရလက်ထပ်တွင် သက်ကြီးရွယ်အိုဆိုင်ရာဥပဒေပေါ်ပေါက်ပြီးဖြစ်၍ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများကိုသက်ကြီးပင်စင်အနေဖြင့် ယခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်၍လစဉ် တစ်လကျပ်(၁၀၀၀၀) ကိုတစ်နိုင်ငံလုံးတွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းကို အစိုးရနှင့်အတူ ပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ယနေ့နက်ပိုင်းကနှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ … Read more
-
မောင်တောခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့ မောင်တောမြို့နယ်၊ မြင်းလွှတ်မြို့ အလယ်ပိုင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အား (၂၉-၄-၂၀၁၇)ရက်နေ့တွင် မြင်းလွှတ် အလယ်ပိုင်းရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မောင်တောမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာဆွေးနွေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးစီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မင်းပြားမြို့နယ်ကျေးရွာများမှ သားဖွားဆရာမများ၊ ကျန်းမာရေးမှူးများ၊ ကျန်းမာရေးကြီးကြပ်များနှင့် အမျိုးသမီးကျန်းမာရေးဆရာမများ (LHV) စုစုပေါင်းလူဦးရေ (၈၀)ဦးခန့်အား မင်းပြားမြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်အကြောင်း ဆွေးနွေးခြင်း၊ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးစာစောင်နှင့် မိုးကြိုးဘေးစာစောင်များအားဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr.MohammadSuFiurRahmanနှင့်အိန္ဒိယနိုင်ငံ Tata Institute of Social Science မှ Vice Chancellor ဖြစ်သူPro.Mr.S.Parasuramanဦးဆောင်သောအဖွဲ့အားသီးခြားစီလက်ခံတွေ့ဆုံ
၂၈-၄-၂၀၁၇၊နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ြပည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းြမတ်အေးအားဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr.MohammadSuFiurRahman ကဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နံနက်(၀၉၀၀)နာရီတွင်လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးမှ အစိုးရသစ်၏ တစ်နှစ်တာကာလဆောင်ရွက်ချက်များတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအတွက် လေးစားဂုဏ်ပြုပါကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လူနာတင်ယာဥ်လှူဒါန်းရေး၊ ဘေးအန္တရာယ် ကျရောက်လျက်သောဒေသနှစ်ခု သို့မဟုတ်သုံးခုတွင် ဘက်စုံသုံးမုန်တိုင်းခိုအဆောက်အဦတည်ဆောက်ရန် အလှူငွေလွှဲပြောင်းပေးနိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရာချထားရေးလုပ်ငန်းစဥ်တွင် အရေးကြီးသည့် လျှပ်စစ်ဓါတ်အားရရှိရေးတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားရရှိရေးကူညီဆောင်ရွက်ပေးရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့်တင်ပြထားရှိမှု အခြေအနေများနှင့် ငွေစာရင်းလွှဲပြောင်းပေးနိုင်ရေးတို့နှင့် စပ်လျဥ်း၍ ပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အိန္ဒိယနိုင်ငံ … Read more
-
ကလေးမွေးစာရင်းထုတ်ပေးြခင်း အရှိန်မြှင့်တင်ဆောင်ရွက်
၂၈.၄.၂၀၁၇၊ နေပြည်တော် ကလေးမွေးစာရင်းထုတ်ပေးခြင်းသည် နိုင်ငံသားြဖစ်ခြင်း၊ မဖြစ်ခြင်းနှင့်လုံးဝ မသက်ဆိုင် ပါကြောင်း၊ ကလေးသူငယ်ဥပဒေအရ ကလေးမွေးဖွားရာနေရာတွင် မွေးစာရင်းရပိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်း(၇)ခု၌ Campaignအသွင် မွေးစာရင်းထုတ်ပေးမှု ဆောင်ရွက်ခဲ့ရာ ကျန်ရှိသောပြည်နယ်/တိုင်းများတွင် ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မကြာမီဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Door to Door စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် (၂၈-၄-၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပသောမွေးဖွားမှု မှတ်ပုံတင်ရေး အရှိန်မြှင့်ဆောင်ရွက်ရေး အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆွေးနွေးပြောကြားခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန … Read more
-
ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးသတိပေးဆိုင်းဘုတ်စိုက်ထူမှုသတင်း
ကယ်ဆယ်ရေးနှင့် ြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၄-၂၀၁၇) ရက်နေ့တွင် ဘုရင့်နောင်ဆိပ်ကမ်းနှင့် ဆိပ်ကမ်းသာပန်းခြံတို့တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးသတိပေး ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်းသတင်းရရှိပါသည်။
-
ကလေးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်တွင် (၇-၄-၂၀၁၇)ရက်နေ့ နေ့လည် (၁းဝဝ)နာရီကျော်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် မြို့မရပ်ကွက်တွင် နေအိမ် (၆)လုံး၊ စော်ဘွားအင်းရပ်ကွက်တွင် နေအိမ် (၄) လုံး၊ ဟဲဇင်းကျေးရွာတွင်နေအိမ် (၁၃) လုံး၊ စုစုပေါင်း (၂၃)လုံးအမိုးလန်ပျက်စီးခဲ့သည့်အပြင် (၂၈-၄-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းက တမူးမြို့နယ်အတွင်းတွင် လေပြင်းများထပ်မံတိုက်ခတ်မှုကြောင့် အလှော်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ခမိတ်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ဝိတုတ်ကျေးရွာအုပ်စုတွင် နေအိမ် (၁၉)လုံး၊ စုစုပေါင်းနေအိမ် (၂၅)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ (၂)ရက်အတွင်းဖြစ်ပွားခဲ့သည့် နေအိမ်စုစုပေါင်း(၄၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more









