မောင်တောခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၁၇) ရက်နေ့ မောင်တောမြို့နယ်၊ မြင်းလွှတ်မြို့ အလယ်ပိုင်းရပ်ကွက်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ထောင်စု (၂) စုအတွက်  ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အား (၂၉-၄-၂၀၁၇)ရက်နေ့တွင် မြင်းလွှတ် အလယ်ပိုင်းရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မောင်တောမြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံးတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events