လူမှုရေးအရကာကွယ်စောင့်ရှောက်ရန်လိုအပ်သောသူများကိုခေတ္တပြုစုစောင့်ရှောက်လျက်ရှိသောရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်းကျေးရွာရှိ လူမှုစောင့်ရှောက်ရေးဂေဟာသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်း မြတ်အေးသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်နှင့် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် သွားရောက် ကြည့်ရှု၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းမှုများဆောင်ရွက်ခဲ့ပါသည်။ လူမှုစောင့်ရှောက်ရေးဂေဟာ(၀ါးနက်ချောင်း)သည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တိုင်းအုပ်ချုပ်ရေးအဖွဲ့မှ စတင်တည်ထောင်ခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် လူမှုရေးအရကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်သူများကိုလက်ခံကာပြုစုစောင့်ရှောက်ခဲ့ကြကြောင်း၊ ယခုပြည်သူ့အစိုးရလက်ထက်တွင် လူတိုင်းအခြေခံလူ့အခွင့်အရေးရရှိပြီးလူ့ဂုဏ်သိက္ခာပြည့်စုံသော လူ့အသိုက်အဝန်း ဖြစ်ပေါ်ရေးအတွက် အစောင့်ရှောက်ခံရသူများ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာကိစ္စရပ်များးကိုပိုမိုကောင်းမွန်သောအြခေအနေသို့ ရောက်ရှိနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပူးပေါင်းပါဝင်ကြမည့် လူမှုအဖွဲ့အစည်းများနှင့် ငွေကြေးသုံးစွဲမှုအစီအမံများ၊ ပိုမိုကောင်းမွန်သောအုပ်ချုပ်မှုစနစ်တကျဖွဲ့စည်းဆောင်ရွက်နိုင်ရန် ဒေသခံတာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြပါသည်။ ထို့နောက် အမျိုးသားဆောင်၊ အမျိုးသမီးဆောင်များကိုလှည့်လည်ကြည့်ရှုကာဂေဟာတွင်အသုံးပြုရန်အတွက် ဟင်းချက်ဆီနှင့် အာဟာရမုန့်များကိုထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါဂေဟာတွင် ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိခိုကိုးရာမဲ့ များ၊ အများပြည်သူများအတွက်လည်းကောင်း၊ မိသားစုတစ်စုချင်းအလိုက် ထိမ်းသိမ်းစောင့် ရှောက်ရန် အခက်အခဲဖြစ်နေသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းအားနည်းသူများကိုစောင့်ရှောက်ပေးလျက်ရှိပါသည်။
နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ဘိုးဘွားများအတွက် ဆန်ဘိုးငွေထောက်ပံ့ခြင်း
—————————————————————————–
သက်ကြီးရွယ်အိုဘိုးဘွားများအနေနှင့် အခြေခံအခွင့်အရေးများရရှိပြီးလူ့ဂုဏ်သိက္ခာနှင့် ပြည့်စုံသည့် အသက်ရှင်သန်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ကာကွယ်စောင့်ရှောက် ခံယူခွင့်များရရှိစေရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကယနေ့ ကျင်းပပြုလုပ်သောရန်ကုန်မြို့ရှိနှင်းဆီကုန်းဘိုးဘွားရိပ်သာဘိုးဘွားများအတွက် ဆန်ဘိုးငွေထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ြပောကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကမိမိတို့အစိုးရအဖွဲ့သစ်အနေဖြင့် ပြည်သူများတိုက်ရိုက်အကျိုးရှိစေမည့် လုပ်ငန်းများကိုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာသက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာလတွင် သက်ကြီးရွယ်အိုများအခွင့်အရေးဆိုင်ရာဥပဒေကိုရေးဆွဲပြဌာန်းခဲ့ပြီးယခုနှစ်ဧပြီလမှ စတင်၍ လူမှုရေးပင်စင်အဖြစ် အသက်(၉၀)နှစ်နှင့် အထက် ဘိုးဘွားများကိုလစဉ် တစ်လလျှင်(၁၀၀၀၀)ကျပ် နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ယခုအခါ သက်ကြီးရွယ်အိုများအတွက် အာမခံချက်ရှိပြီးဥပဒေနှင့်ညီသောလူမှုစောင့်ရှောက်ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အိုမင်းမစွမ်းသောသက်ကြီးရွယ်အိုများကိုအိမ်တိုင်ရာရောက် ကြည့်ရှုစောင့်ရှောက်ခြင်း၊ ဘိုးဘွားရိပ်သာများဖွင့်လှစ်စောင့်ရှောက်ခြင်း၊ အိုမင်းစွမ်းသူများအတွက် သက်ကြီးသူချင်းစောင့်ရှောက်သည့် နည်းလမ်းများအပြင် နေ့ပိုင်းစောင့်ရှောက်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ကြီးရွယ်အိုများကိုစနစ်တကျ စောင့်ရှောက် နိုင်ရန်အတွက် သက်ကြီးရွယ်အိုများပြုစုစောင့်ရှောက်သူသင်တန်းဖွင့်လှစ်သင်ကြားပေးလျက် ရှိပါကြောင်းနှင့် သက်ကြီးရွယ််အိုများ၏ဘဝပိုမိုသာယာလှပစေရန် အစိုးရ၊ ပြည်သူနှင့် အလှူရှင်များပူးပေါင်းကာရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ြပောကြားပြီးဘိုးဘွားများအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၅၄၉၀၀၀၀)ကျပ်ကိုပေးအပ်ကာဘိုးဘွားရိပ်သာဝင်းအတွင်းရှိအဘိုးဆောင်၊ အဘွားဆောင်၊ ထမင်းစားဆောင်၊ ဘိုးဘွားများဆေးရုံ၊ ကိုယ်ကာယကုသဆောင်နှင့် ဓမ္မာရုံတို့ကိုလေ့လာကြည့်ရှုပြီးအသက်(၁၀၃)နှစ်ရှိအဘိုးဦးကျော်ရှိန်နှင့် အဘွားဒေါ်တင်မြတို့ကိုထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်ရှိ
ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာလူငယ်များအတွက် အသက်မွေးအလုပ်အကိုင်များ ကျွမ်းကျင်တတ်မြောက်စေပြီးရပ်ရွာနှင့်မိသားစုအသိုင်းအဝန်းအတွင်းကိုယ်တိုင်ဝင်ငွေဖြင့် ရပ်တည်နိုင်စေသည့် ယုံကြည်မှုမျိုးဖြင့် ဆက်လက်ဆောင်ရွက်စေနိုင်ရန်ရည်ရွယ်၍ ဝါး၊ကြိမ်၊ဗေဒါများဖြင့် လက်မှုပစ္စည်းများပြုလုပ်ခြင်း၊ပြုလုပ်ပြီးလက်မှုပစ္စည်းများကိုစျေးကွက်အတွင်းတင်ပို့နိုင်ရေးတို့အတွက် Myanmar Rattan and Bamboo Enterpreneus Association ၊ Royal Modern Furniture၊ ရွှေကော့မှူးလုပ်ငန်းစုတို့နှင့်ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးလွတ်တော် ဥက္ကဌ ၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းဝါးစိုက်ပျိုးမည့်နေရာ၊ဗေဒါစိုက်ပျိုးရန် လျာထားသည့်နေရာ၊ သက်မွေးပညာရပ်များဖြစ်သောပန်းရံသင်တန်း၊ လက်သမားသင်တန်း၊ စက်ပြင်သင်တန်း၊ အပ်ချုပ်စက်သင်တန်းနှင့် အိမ်တွင်းျလျှပ်စစ်ပြုပြင်ခြင်းသင်တန်းများကိုလှည့်လည်ကြည့်ရှုလေ့လာပြီးသင်တန်းကျောင်းခန်းမတွင် သင်တန်းသားလူငယ်များကိုတွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ယခုသင်တန်းကျောင်းသို့ အကြောင်းအမျိုးမျိိုးဖြင့် ရောက်ရှိလာသော်လည်းမိမိိတို့သင်တန်းကျောင်းတွင် နေရမည့်ကာလကိုသင်တန်းလာတက်သည်ဟုယူဆလိုကြောင်း၊ သင်တန်းကိုအကျိုးရှိစွာပြီးဆုံးအောင် သင်ယူမှုမျိုးဖြစ်စေလိုကြောင်း၊ဤသင်တန်းကျောင်းတွင်နေထိုင်သည့် ကာလပြီးဆုံးပြီးမိသားစုနှင့်ပြန်လည်နေထိုင်သောအချိန်တွင် မိမိ၌ အသက်မွေးပညာရပ်တစ်ခုခုပါသွားပြီးမိသားစုအတွက်ကောင်းသောအသက်မွေးမှုဖြင့် ရပ်တည််သွားနိုင်သည့် အခြေနေရောက်ရှိအောင်ကြိုးစားကြစေချင်ကြောင်းပြောကြားပြီးသင်တန်းသားလူငယ်များ၏ လိုအပ်ချက်များကိုမေးမြန်းဖော်ထုတ်ပြီးညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါသင်တန်းကျောင်းတွင်အမျိုးသားလူငယ်လူရွယ် (၄၆၃)ဦးကိုလေ့ကျင့်စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရပါသည်။