ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr.MohammadSuFiurRahmanနှင့်အိန္ဒိယနိုင်ငံ Tata Institute of Social Science မှ Vice Chancellor ဖြစ်သူPro.Mr.S.Parasuramanဦးဆောင်သောအဖွဲ့အားသီးခြားစီလက်ခံတွေ့ဆုံ

29 pic_02  29 pic_04
၂၈-၄-၂၀၁၇၊နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ြပည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းြမတ်အေးအားဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E Mr.MohammadSuFiurRahman ကဝန်ကြီးရုံး၊ မေခလာခန်းမတွင် ယနေ့နံနက်(၀၉၀၀)နာရီတွင်လာရောက်တွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီးမှ အစိုးရသစ်၏ တစ်နှစ်တာကာလဆောင်ရွက်ချက်များတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များအတွက် လေးစားဂုဏ်ပြုပါကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လူနာတင်ယာဥ်လှူဒါန်းရေး၊ ဘေးအန္တရာယ် ကျရောက်လျက်သောဒေသနှစ်ခု သို့မဟုတ်သုံးခုတွင် ဘက်စုံသုံးမုန်တိုင်းခိုအဆောက်အဦတည်ဆောက်ရန် အလှူငွေလွှဲပြောင်းပေးနိုင်ရေး၊ ရခိုင်ပြည်နယ်ရှိ ပြန်လည်နေရာချထားရေးလုပ်ငန်းစဥ်တွင် အရေးကြီးသည့် လျှပ်စစ်ဓါတ်အားရရှိရေးတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အားရရှိရေးကူညီဆောင်ရွက်ပေးရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့်တင်ပြထားရှိမှု အခြေအနေများနှင့် ငွေစာရင်းလွှဲပြောင်းပေးနိုင်ရေးတို့နှင့် စပ်လျဥ်း၍ ပွင့်လင်းစွာဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အိန္ဒိယနိုင်ငံ Tata Institute of Social Science မှ Vice Chancellor ဖြစ်သူPro.Mr.S.Parasuramanဦးဆောင်သောအဖွဲ့မှလာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် Chancellorဖြစ်သူPro.Mr.S.Parasuraman ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့တွင် လူမှုဝန်ထမ်းပညာရပ်နှင့်သက်ဆိုင်သောအဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေး၊ အမျိုးသမီးဖွံ့ဖြိုး တိုးတက်ရေးနှင့် မသန်စွမ်းသူဆိုင်ရာနယ်ပယ်များတွင် ၄င်းတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ပြီးလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့်လည်း လူမှု ဝန်ထမ်းသိပ္ပံ( Social Work Institute )တစ်ခုထူထောင်ရန်စီစဥ်ဆောင်ရွက်နေကြောင်း၊ ၄င်းကျောင်း သီးခြားမတည်ဆောက်နိုင်သေးမီတွင် ကာလတိုသင်တန်းများကိုTata Institute of Social Science နှင့်ပူးပေါင်းဖွင့်လှစ်သွားရေးနှင့် ပါရဂူဘွဲ့ပညာတော်သင်အစီအစဥ် ထောက်ပံ့ကူညီရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

Sign Up

Upcoming Events