၂၈.၄.၂၀၁၇၊ နေပြည်တော်
ကလေးမွေးစာရင်းထုတ်ပေးခြင်းသည် နိုင်ငံသားြဖစ်ခြင်း၊ မဖြစ်ခြင်းနှင့်လုံးဝ မသက်ဆိုင် ပါကြောင်း၊ ကလေးသူငယ်ဥပဒေအရ ကလေးမွေးဖွားရာနေရာတွင် မွေးစာရင်းရပိုင်ခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်နယ်/တိုင်း(၇)ခု၌ Campaignအသွင် မွေးစာရင်းထုတ်ပေးမှု ဆောင်ရွက်ခဲ့ရာ ကျန်ရှိသောပြည်နယ်/တိုင်းများတွင် ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မကြာမီဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Door to Door စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်းဖြင့် (၂၈-၄-၂၀၁၇)ရက်နေ့၊နံနက်ပိုင်းက လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပသောမွေးဖွားမှု မှတ်ပုံတင်ရေး အရှိန်မြှင့်ဆောင်ရွက်ရေး အစည်းအဝေးတွင် တက်ရောက်လာကြသူများက ဆွေးနွေးပြောကြားခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး နှင့် ဝန်ကြီးဌာနများက အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးတို့ တက် ရောက်ခဲ့ကြပြီး ကလေးမွေးဖွားမှုမှတ်ပုံတင်ခြင်း၏ အရေးပါပုံ၊ဆောင်ရွက်ထားရှိမှုနှင့် ဆက် လက်ဆောင်ရွက်ရန်ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ပါကြောင်း သတင်းရရှိပါသည်။