တရုတ်နိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသည့်မြန်မာနိုင်ငံသားများပြန်လည် ရောက်ရှိမှုနှင့်နေရပ်ဒေသများသို့ပြန်လည်ပို့ဆောင်မှုအခြေအနေ

30 pic_01 30 pic_02 30 pic_03 30 pic_04 30 pic_05 30 pic_06 30 pic_07  30 pic_09 30 pic_10 30 pic_11 30 pic_12 30 pic_13 30 pic_14 30 pic_15 30 pic_16 30 pic_17 30 pic_18

  • တရုတ်နိုင်ငံအတွင်းအကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရသောမြန်မာနိုင်ငံသားကျား(၁၁၀)ဦး၊မ(၅၁)ဦး၊ စုစုပေါင်း(၁၆၁)ဦးတို့သည်ချင်းရွှေဟော်မှတဆင့်လားရှိုးမြို့သို့(၂၈-၄-၂၀၁၇)နေ့ (၂၃း၀၀)အချိန်တွင် ပြန်လည်ရောက်ရှိလာရာလူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်အတူပူးပေါင်း၍ ၄င်းတို့၏နေရပ်ဒေသများသို့ ပြန်လည်ပို့ဆောင်နိုင်ရေးဆောင်ရွက်လျက်ရှိရာ(၂၉-၄-၂၀၁၇)နေ့နံနက်(၀၇း၄၅)အချိန်တွင်လားရှိုးမြို့မှမန္တလေးမြို့သို့မော်တော်ယာဥ်များဖြင့်ပို့ဆောင်ခဲ့ပြီးကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများကလတ်တလောလိုအပ်သည့် အသုံးအဆောင်များနှင့် ဆန်(၇)ရက်စာတို့ကိုထောက်ပံ့ပေးခဲ့ကြောင်းနှင့်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများက လားရှိုးမြို့မှပို့ဆောင်ခဲ့သည့် ပြန်လည်ရောက်ရှိလာသူများကိုကြိုဆိုခဲ့ပြီးလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းကာပြန်လည်၀င်ရောက်လာသူတို့၏ မူလနေရပ်ဒေသများဖြစ်သောမြစ်ကြီးနား၊ တမူး၊မကွေးမြို့များသို့ မော်တော်ယာဥ်များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events