ကလေးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တမူးခရိုင်၊ တမူးမြို့နယ်တွင် (၇-၄-၂၀၁၇)ရက်နေ့ နေ့လည် (၁းဝဝ)နာရီကျော်တွင် တိုက်ခတ်ခဲ့သော လေဘေးကြောင့် မြို့မရပ်ကွက်တွင် နေအိမ် (၆)လုံး၊ စော်ဘွားအင်းရပ်ကွက်တွင် နေအိမ် (၄) လုံး၊ ဟဲဇင်းကျေးရွာတွင်နေအိမ် (၁၃) လုံး၊ စုစုပေါင်း (၂၃)လုံးအမိုးလန်ပျက်စီးခဲ့သည့်အပြင် (၂၈-၄-၂၀၁၇) ရက်နေ့ နေ့လည်ပိုင်းက တမူးမြို့နယ်အတွင်းတွင် လေပြင်းများထပ်မံတိုက်ခတ်မှုကြောင့် အလှော်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ခမိတ်ကျေးရွာအုပ်စုတွင်နေအိမ် (၃)လုံး၊ ဝိတုတ်ကျေးရွာအုပ်စုတွင် နေအိမ် (၁၉)လုံး၊ စုစုပေါင်းနေအိမ် (၂၅)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ (၂)ရက်အတွင်းဖြစ်ပွားခဲ့သည့် နေအိမ်စုစုပေါင်း(၄၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅)မျိုးအား (၂၉-၄-၂၀၁၇) ရက်နေ့ တွင် လေဘေးသင့်ပြည်သူများအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events