၂၉.၄.၂၀၁၇
လူမှုဝန်ထမ််း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် သက်ကြီးရွယ်အိုစောင့်ရှောက်မှုလုပ်ငန်းများကိုမူဝါဒ၊ ဥပဒေများ၊ မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အိုမင်းမစွမ်းနှင့် အိုမင်းစွမ်းများဟူ၍ရှိရာအိုမင်းမစွမ်းများအတွက် ပုဂ္ဂလိကနှင့် လူမှုအဖွဲ့အစည်းများက စောင့်ရှောက်သော ဂေဟာများသည် အစိုးရကသက်မှတ်ချက်များနှင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အိုမင်းသော်လည်းလုပ်ကိုင်နိုင်စွမ်းရှိသော အိုမင်းစွမ်းများအတွက် မိမိတို့ဘဝရပ်တည်နိုင်ရေး၊ အိုမင်းစွမ်းသူအချင်းချင်းပူးပေါင်းစောင့်ရှောက်မှုနည်းလမ်းများဖြင့် ဆောင်ရွက်ပေးခြင်းများကိုလည်းအစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထောက်ပံ့ကူညီလျက်ရှိကြောင်း၊ ပြည်သူ့အစိုးရလက်ထပ်တွင် သက်ကြီးရွယ်အိုဆိုင်ရာဥပဒေပေါ်ပေါက်ပြီးဖြစ်၍ အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွားများကိုသက်ကြီးပင်စင်အနေဖြင့် ယခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်၍လစဉ် တစ်လကျပ်(၁၀၀၀၀) ကိုတစ်နိုင်ငံလုံးတွင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ခြင်းကို အစိုးရနှင့်အတူ ပြည်သူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ယနေ့နက်ပိုင်းကနှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ ရောက်ရှိနေသော လူမှုဝန်ထမ််း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး က ြေပာကြားပါသည်။
ထို့နောက် ဘိုးဘွားများအတွက် ဆန်ဘိုးထောက်ပံ့ငွေ (၅၄၉၀၀၀၀)ကျပ်ကိုပေးအပ်ကာ ဘိုးဘွားရိပ်သာဝင်းအတွင်းရှိ အဘိုးဆောင်၊ အဘွားဆောင်၊ ထမင်းစားဆောင်၊ ဘိုးဘွားများဆေးရုံ၊ ကိုယ်ကာယကုသဆောင်နှင့် ဓမ္မာရုံတို့ကိုလေ့လာကြည့်ရှုပြီး အသက်(၁၀၃)နှစ်ရှိအဘိုးဦးကျော်ရှိန်နှင့် အဘွားဒေါ်တင်မြတို့ကိုသီးခြားထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ြပည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာလူငယ်များအတွက် အသက်မွေးအလုပ်အကိုင်များ ကျွမ်းကျင်တတ်မြောက်စေပြီး ရပ်ရွာနှင့် မိသားစုအသိုင်းအဝန်းအတွင်းကိုယ်တိုင်ဝင်ငွေြဖင့် ရပ်တည်နိုင်စေသည့် ယုံကြည်မှုမျိုးဖြင့် ဆက်လက်ဆောင်ရွက်စေနိုင်ရန်ရည်ရွယ်၍ ဝါး၊ကြိမ်၊ဗေဒါများဖြင့် လက်မှုပစ္စည်းများပြုလုပ်ခြင်း၊ ပြုလုပ်ပြီး လက်မှုပစ္စည်းများကိုစျေးကွက်အတွင်း တင်ပို့နိုင်ရေးတို့အတွက် Myanmar Rattan and Bamboo Enterpreneus Association ၊ Royal Modern Furniture၊ ရွှေကော့မှူးလုပ်ငန်းစုတို့နှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးလွတ်တော် ဥက္ကဌ၊အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းဝါးစိုက်ပျိုးမည့်နေရာ၊ဗေဒါစိုက်ပျိုးရန် လျာထားသည့်နေရာ၊ သက်မွေးပညာရပ်များဖြစ်သောပန်းရံသင်တန်း၊ လက်သမားသင်တန်း၊ စက်ပြင်သင်တန်း၊ အပ်ချုပ်စက်သင်တန်းနှင့် အိမ်တွင်း လျှပ်စစ်ပြုပြင်ခြင်းသင်တန်းများကိုလှည့်လည်ကြည့်ရှုလေ့လာပြီးသင်တန်းကျောင်းခန်းမတွင် သင်တန်းသားလူငယ်များကိုတွေ့ဆုံ၍အမှာစကားပြောကြားရာတွင် ယခုသင်တန်းကျောင်းသို့ အကြောင်းအမျိုးမျိိုးဖြင့် ရောက်ရှိလာသော်လည်းမိမိိတို့သင်တန်းကျောင်းတွင် နေရမည့်ကာလကိုသင်တန်းလာတက်သည်ဟုယူဆလိုကြောင်း၊ သင်တန်းကိုအကျိုးရှိစွာပြီးဆုံးအောင် သင်ယူမှုမျိုးဖြစ်စေလိုကြောင်း၊ဤ သင်တန်းကျောင်းတွင်နေထိုင်သည့် ကာလပြီးဆုံးပြီးမိသားစုနှင့်ပြန်လည်နေထိုင်သောအချိန်တွင် မိမိ၌ အသက်မွေးပညာရပ်တစ်ခုခုပါသွားပြီးမိသားစုအတွက်ကောင်းသောအသက်မွေးမှုဖြင့် ရပ်တည််သွားနိုင်သည့် အခြေနေရောက်ရှိအောင်ကြိုးစားကြစေချင်ကြောင်းပြောကြားပြီးသင်တန်းသားလူငယ်များ၏ လိုအပ်ချက်များကိုမေးမြန်းဖော်ထုတ်၍ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါသင်တန်းကျောင်းတွင်အမျိုးသားလူငယ်လူရွယ် (၄၆၃)ဦးကိုလေ့ကျင့်စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရပါသည်။