Category Archives: News
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၅)၊ ကြက်မောက်လမ်း၌ သွပ်မိုးထရံကာ နေအိမ် (၁) လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့် အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့ (၁၁-၅-၂၀၁၇) ရက်နေ့မှ (၁၄-၅-၂၀၁၇) ရက်နေ့ထိ ဖြစ်ပွားခဲ့သောဖြစ်စဉ်များကြောင့် တိုက်ပွဲရှောင် အိမ်ထောင်စု (၈၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ လူဦးရေ (၂၈၄) ဦးအတွက် တစ်ဦးလျှင် ဆန် (၇) ရက်စာ (၂,၁၀၀) နှုန်းဖြင့် စုစုပေါင်း( ၅၉၆,၄၀၀) ကျပ်တို့အား (၁၅ -၅ – ၂၀၁၇) နေ့ (၁၅:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Action Aid Myanmar(Pyapon) အဖွဲ့နှင့်ပူးပေါင်း၍ မိုးကြိုကာလအတွင်းဖြစ်တတ်သည့် သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ Cyclone Shelter ၌ ပြည်သူလူထုအင်အား (၈၀၀) ဦး ကျော်ဖြင့် အောင်မြင်စွာလေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။ ယင်းဆောင်ရွက်မှု၌ ဒေသခံပြည်သူလူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်တတ်လာစေရန်၊ မိုးလေဝသသတင်း များအား အလေးထားနားထောင်တတ်လာစေရန်၊ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များလည်း ပိုမိုသိရှိလာနိုင်စေရန်လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေစကြိုမြို့နယ်၊ မအူပင်အလယ်ရွာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး အတွက် ထောက်ပံ့မှုသတင်း
ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူပင် အလယ်ရွာတွင် (၁၃-၅-၂၀၁၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာအတွက် (၈၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာရှိ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့ရသောပြည်သူများအား ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့မှ (၁၂-၅-၂၀၁၇) ရက်နေ့ထိ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေအိမ်ခြေ (၆) အိမ်၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၅၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-)၊ စုစုပေါင်း (၆၆၅၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကောလင်းဒေသ ရေဘေးကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း
မြန်မာနိုင်ငံတစ်ဝှမ်း သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော ဖွ့ံဖြိုးတိုးတက်မှုရရှိစေ ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အခြားဆက်နွယ် ပတ်သတ်သူများနှင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။၂၀၁၇ ခုနှစ် မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသော မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်း သက်သာစေရေးအတွက် ဆောင်ရွက်မှုတစ်ခုအနေဖြင့် နှစ်စဉ်ဆုံးရှုံးမှုများပြားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိမြို့နယ်အချို့တွင် အိုးအိမ်များလေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိစေရေးပြင်ဆင်အားဖြည့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများအား လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်နည်းတူမိုးတွင်းကာလတွင်ရေကြီး/ရေလျှံမှုကြောင့်ဆုံးရှုံးထိခိုက်မှုလျော့နည်းစေရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်လျှက်ရှိပါသည်။ ယင်းကဲ့သို့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် နှစ်စဉ်ရေဘေးကြုံတွေ့နေရသည့် ကောလင်းဒေသတွင်ရေဘေးကြိုတင်ပြင်ဆင်ရေးအလုပ်ရုံဆွေးနွေးပွဲအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်တို့မှဦးဆောင်၍ … Read more
-
ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်၌ (၇-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် ထပ်တိုးအိမ်ခြေ (၆၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀၀) ကျပ်၊ ထပ်တိုးပြိုကျအိမ်ခြေ (၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၆၉) စုမှ လူဦးရေ (၂၇၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၅၇၉၆၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၅၉၆၀၀) ကျပ်တို့ကို (၁၅-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) … Read more
-
လေဘေးနှင့် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ အင်းလျာကုန်းကျေးရွာအုပ်စု၊ ဆင်ကူးအရှေ့စုကျေးရွာတွင် (၁၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀)၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀)၊ စုစုပေါင်းရန်ပုံငွေ (၁၀၆,၃၀၀) ကျပ်နှင့် ငါးသိုင်းချောင်းမြို့၊ သောင်ကြီးကျေးရွာအုပ်စု၊ သောင်ကြီးကျေးရွာ၌်(၁၄ – ၅ … Read more
-
သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာမှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာ၌ (၁၄-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုအတွက် ဆန်ဖိုးငွေ (၃၁၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာအုပ်စုနှင့်တောင်တော်ကျေးရွာအုပ်စုတို့မှ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ တိုင်တားကျေးရွာအုပ်စုနှင့်တောင်တော်ကျေးရွာအုပ်စုတို့၌ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၇) စုအတွက် ဆန်ဖိုးငွေ (၅၆၇၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၃၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၁၈၆၇၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)









