မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်မှုသတင်း

16_Pic_02 16_Pic_03

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Action Aid Myanmar(Pyapon) အဖွဲ့နှင့်ပူးပေါင်း၍ မိုးကြိုကာလအတွင်းဖြစ်တတ်သည့် သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်ခြင်းအား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ဒေါ်ညိမ်းကျေးရွာ Cyclone Shelter ၌ ပြည်သူလူထုအင်အား (၈၀၀) ဦး ကျော်ဖြင့် အောင်မြင်စွာလေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။ ယင်းဆောင်ရွက်မှု၌ ဒေသခံပြည်သူလူထုကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် အရေးပေါ် အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်တတ်လာစေရန်၊ မိုးလေဝသသတင်း များအား အလေးထားနားထောင်တတ်လာစေရန်၊ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများ ကောင်းမွန်စွာလုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်များလည်း ပိုမိုသိရှိလာနိုင်စေရန်လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source:   ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events