စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ကောလင်းဒေသ ရေဘေးကြိုတင်ပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

a6 a9 a10 a12 a15 a19 a24 a26 a28 a29 a30 a31 aaaaaa

မြန်မာနိုင်ငံတစ်ဝှမ်း သဘာဝဘေးဒဏ်ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော ဖွ့ံဖြိုးတိုးတက်မှုရရှိစေ ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အခြားဆက်နွယ် ပတ်သတ်သူများနှင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။၂၀၁၇ ခုနှစ် မိုးကြိုကာလတွင် ဖြစ်ပွားလေ့ရှိသော မိုးတိမ်တောင်နှင့် စိုက်ဆင်းလေပြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်း သက်သာစေရေးအတွက် ဆောင်ရွက်မှုတစ်ခုအနေဖြင့် နှစ်စဉ်ဆုံးရှုံးမှုများပြားခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ရှိမြို့နယ်အချို့တွင် အိုးအိမ်များလေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိစေရေးပြင်ဆင်အားဖြည့်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှုများအား လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူများဖြင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်နည်းတူမိုးတွင်းကာလတွင်ရေကြီး/ရေလျှံမှုကြောင့်ဆုံးရှုံးထိခိုက်မှုလျော့နည်းစေရေးလိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများစတင်ဆောင်ရွက်လျှက်ရှိပါသည်။

ယင်းကဲ့သို့ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတစ်ရပ်အနေဖြင့် နှစ်စဉ်ရေဘေးကြုံတွေ့နေရသည့် ကောလင်းဒေသတွင်ရေဘေးကြိုတင်ပြင်ဆင်ရေးအလုပ်ရုံဆွေးနွေးပွဲအားကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်အောင်တို့မှဦးဆောင်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ််အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက် နေသူများစုစုပေါင်း (၂၃၄) ဦးပါဝင်တက်ရောက်ကာ(၁၅-၅-၂၀၁၇)ရက်နေ့မှ(၁၆-၅-၂၀၁၇)ရက်နေ့အထိကောလင်းမြို့၊ ဇာတိမာန်ခန်းမတွင်ပြုလုပ်လျှက်ရှိပါသည်။အလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ရှိသူအသီးသီးမှ နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ပေးနေမှု၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်း ဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လမ်းဦးစီးဌာန၊အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့မှ ကောလင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် သဘာဝဘေးအန္တရာယ်ခံစားရမှုလျော့ပါးရေးထည့်သွင်းစဉ်းစားဆောင်ရွက်မှုများ အားတင်ပြခဲ့ကြပြီး တက်ရောက်လာသူများမှ အုပ်စုခွဲ၍ ကောလင်းဒေသရေဘေးဖြစ်ပွားမှု၏ အဓိကအကြောင်းအရင်း၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ကောလင်းဒေသရေဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့်ဖြေရှင်းနိုင်မည့်နည်းလမ်းများ၊ ကောလင်းဒေသရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရေးအတွက် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် စိန်ခေါ်မှုများ၊ လူမှုရေး အဖွဲ့အစည်းများအပါအဝင် ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ရန်နည်းလမ်းများနှင့် စိန်ခေါ်မှုများအား ဆွေးနွေးဖော်ထုတ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

 

Sign Up

Upcoming Events