ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာရှိ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့ရသောပြည်သူများအား ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့မှ (၁၂-၅-၂၀၁၇) ရက်နေ့ထိ ရေစကြိုမြို့နယ်၊ ဗလဗကျေးရွာအုပ်စု၊ ဗလဗကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြောင်းရွှေအိမ်ခြေ (၆) အိမ်၊ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာ (၆၅၁၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀၀/-)၊ စုစုပေါင်း (၆၆၅၁၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ (၁၅-၅-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူ များ လက်ဝယ်အရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events