ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက်၊ နယ်မြေ (၅)၊ ကြက်မောက်လမ်း၌ သွပ်မိုးထရံကာ နေအိမ် (၁) လုံးမီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ မီးလောင်နေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ (၈,၄၀၀) ကျပ်တို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် တာဝန်ရှိသူများနှင့် အတူသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)