ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်မှ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16_pic01

ပခုက္ကူမြို့နယ်၊ ကမ္မမြို့၊ ရပ်ကွက် (၈) ရပ်ကွက်၌ (၇-၅-၂၀၁၇) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ခဲ့သည့် ထပ်တိုးအိမ်ခြေ (၆၄) အိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၈၀၀၀၀) ကျပ်၊ ထပ်တိုးပြိုကျအိမ်ခြေ (၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၆၉) စုမှ လူဦးရေ (၂၇၆) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ (၅၇၉၆၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း (၂၃၅၉၆၀၀) ကျပ်တို့ကို (၁၅-၅-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကမ္မမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events