ရေစကြိုမြို့နယ်၊ မအူပင်အလယ်ရွာ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး အတွက် ထောက်ပံ့မှုသတင်း

16-Pic-02

ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ မအူပင် အလယ်ရွာတွင် (၁၃-၅-၂၀၁၇) ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် စက္ကူပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်နှင့် ဆန်ရိက္ခာ (၇) ရက်စာအတွက် (၈၄၀၀) ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀) ကျပ်အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events