
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်ခရိုင်၊ အောင်လံမြို့နယ်၊ နှောက်စမ်းကျေးရွာ၌ (၁၄-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုအတွက် ဆန်ဖိုးငွေ (၃၁၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀) ကျပ် ထောက်ပံ့ငွေစုစုပေါင်း (၄၃၁၅၀၀) နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား (၁၅-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)