Category Archives: News
-
လေပြင်းဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာအုပ်စုနှင့် မြနန္ဒာရပ်ကွက်တွင် (၂၅ – ၅ -၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလံအိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးပါ စက္ကူပုံး (၁၈) ပုံးတို့အား (၂၇ – ၅ – ၂၀၁၇) ရက်နေ့တွင် လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်းများမှ ပြောင်းရွှေ့လိုသည့် အိမ်ထောင်စု (၁၇) စုနှင့် လူဦးရေ (၅၉) ဦးအား ပြောင်းရွှေ့နေရာချထားပေးခြင်း အခမ်းအနား ပြုလုပ်မှုသတင်း
ကချင်ပြည်နယ်အစိုးရအဖွဲနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ ဦးဆောင်၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်းများမှ ပြောင်းရွှေ့လိုသည့် အိမ်ထောင်စု (၁၇) စုနှင့် လူဦးရေ (၅၉) ဦးအား ပြောင်းရွှေ့နေရာချထားပေးခြင်းအခမ်းအနားကို (၂၉-၅-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာ(ပလန) မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် IDPs ရေးရာကော်မတီဝင် လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြိီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော (၁) အိမ်ထောင်လျှင် ဆန် (၁) အိတ်နှုန်းဖြင့် စုစုပေါင်းဆန် (၁၇) အိတ်ကို … Read more
-
ရေငံတမံ ပြိုကျမှုကြောင့် ဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ကမ်းနားပိုင်းတွင် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ ရေငံတမံ ပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၂) လုံး ယိုင်နှဲ့ခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြိုကျအိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၈၇,၃၀၀) ကျပ်နှင့် ယိုင်နှဲ့အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၂) … Read more
-
ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့ (၂၃းဝ၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျခဲ့ပြီး နေအိမ် (၄) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါပြိုကျအိမ်နှင့်အမိုးလန်နေအိမ်များမှ ဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် ထောက်ပံ့ငွေစုစုပေါင်း (၂၁၀၀၀၀) ကျပ်အား (၂၉-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဒုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထေက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၇
၁။ ၂၀၁၇ ခုနှစ်၊ မေလ (၂၉) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုရာ”(Mora) အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်ဘက်မိုင် (၁၉၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၂၀)ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင်(၂၀၀)ခန့်၊ … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၂)၊၂၀၁၇
မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင်(၂၃၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀)ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၃၇၀)ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်- အနောက်တောင်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်- အရှေ့မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် နောက် (၂၄) နာရီအတွင်း … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မြောက်စည်းရွာမ ကျေးရွာတွင် (၂၅-၅-၂၀၁၇) နေ့ ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ ၄င်းအပြင် ကျော် ကျေးရွာ၌လည်း လူတစ်ဦးသရက်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် ထိခိုက်ဒဏ်ရာရကာ နတ်ချောင်းတိုက်နယ်ဆေးရုံးသို့ (မစိုးရိမ်ရ) တက်ရောက်ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်အတွင်း အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ (၁၃၀၀၀၀ိ/-) ကျပ်၊ ထိခိုက်ဒဏ်ရာရသူအား ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်တို့အား ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၇) နေ့ နံနက်ပိုင်းတွင် … Read more
-
မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၁)၊၂၀၁၇
မုန်တိုင်းငယ်အခြေအနေ (က) ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခု အဖြစ်သို့ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင်(၂၅၀)ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင်(၃၅၀)ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက် မိုင်(၅၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့-အရှေ့မြောက် ဘက်မိုင်(၅၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ အဆိုပါမုန်တိုင်းငယ်သည် နောက်(၂၄)နာရီအတွင်း … Read more
-
မုန်တိုင်းငယ်သတိပေးချက်နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
၂၀၁၇ ခုနှစ်၊ မေလ(၂၈) ရက်နေ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ် (၀၂)၊ ၂၀၁၇ အရဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည်ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ၊ကိုကိုးကျွန်းမြို့၏ အနောက်ဘက်မိုင် (၂၃၀) ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် (၃၃၀) ခန့်၊ကျောက်ဖြူမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၃၇၀) ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင် ဘက်မိုင် (၄၈၀) ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေပြီး၊ မြောက်-အရှေ့မြောက်ဘက်သို့ … Read more
-
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
(၂၆-၅-၂၀၁၇)ရက်နေ့၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ နတ်ချောင်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပျက်စီး လူနေအိမ် (၁) လုံး အိမ်ထာင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ တစိတ်တပိုင်းပျက်စီး လူနေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း(၆) မျိုး၊ အိမ်ထောင်စ ု(၂) စုစာအား (၂၇-၅-၂၀၁၇) ရက်နေ့တွင် မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ မြောက်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနမှတဆင့် လွှဲပြောင်းထောက်ပံ့ပေးခဲ့ပြီး ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုး တို့အား ဆက်လက်ထောက်ပံ့သွားပါမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။









