စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ မြောက်စည်းရွာမ ကျေးရွာတွင် (၂၅-၅-၂၀၁၇) နေ့ ညနေပိုင်း၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၃) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ ၄င်းအပြင် ကျော် ကျေးရွာ၌လည်း လူတစ်ဦးသရက်ပင် သစ်ကိုင်းကျိုးကျမှုကြောင့် ထိခိုက်ဒဏ်ရာရကာ နတ်ချောင်းတိုက်နယ်ဆေးရုံးသို့ (မစိုးရိမ်ရ) တက်ရောက်ခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်အတွင်း အမိုးလန်နေအိမ် (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ (၁၃၀၀၀၀ိ/-) ကျပ်၊ ထိခိုက်ဒဏ်ရာရသူအား ထောက်ပံ့ငွေ (၅၀၀၀၀ိ/-) ကျပ်တို့အား ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၅-၂၀၁၇) နေ့ နံနက်ပိုင်းတွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။