စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာ၌ (၂၆-၅-၂၀၁၇) ရက်နေ့ (၂၃းဝ၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် (၁) လုံး ပြိုကျခဲ့ပြီး နေအိမ် (၄) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါပြိုကျအိမ်နှင့်အမိုးလန်နေအိမ်များမှ ဘေးသင့်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးစီနှင့် ထောက်ပံ့ငွေစုစုပေါင်း (၂၁၀၀၀၀) ကျပ်အား (၂၉-၅-၂၀၁၇) ရက်နေ့၊ နံနက်ပိုင်းတွင် ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ကလေးဒုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထေက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)