
ကချင်ပြည်နယ်အစိုးရအဖွဲနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ ဦးဆောင်၍ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်ရှိ IDPs စခန်းများမှ ပြောင်းရွှေ့လိုသည့် အိမ်ထောင်စု (၁၇) စုနှင့် လူဦးရေ (၅၉) ဦးအား ပြောင်းရွှေ့နေရာချထားပေးခြင်းအခမ်းအနားကို (၂၉-၅-၂၀၁၇) ရက်နေ့၊ (၀၉းဝ၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာ(ပလန) မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ် IDPs ရေးရာကော်မတီဝင် လူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြိီး ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော (၁) အိမ်ထောင်လျှင် ဆန် (၁) အိတ်နှုန်းဖြင့် စုစုပေါင်းဆန် (၁၇) အိတ်ကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်း (၃၂) မျိုးပါ Family Kit (၁၇) ပုံးနှင့် လူဦးရေ (၅၉) ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၂၃၉၀၀) ကျပ်၊ ပြည်နယ်ကုသရေးဦးစီဌာနမှ ဆေးစိန်ခြင်ထောင် (၅၀) လုံး၊ ပြည်နယ်ကြက်ခြေနီအသင်းမှ family kit (၁၇) ခု၊ ပြည်နယ် IDPs ရေးရာကော်မတီဝင်ဒေါက်တာမောင်မောင်ခန့်က ကွေကာ (၁၇) ထုပ်နှင့် အားဆေး (၁၇) ဗူးတို့ကို ပေးအပ်ခဲ့ပြီး ပြည်နယ်ကျေးလက်ဦးစီးဌာနက ငွေပျော်စံပြကျေးရွာရှိ အိမ်များအား အိမ်ထောင်စုအလိုက် မဲနှိုက် ရွေးချယ်ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)