ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ အောင်သာကုန်းကျေးရွာအုပ်စုနှင့် မြနန္ဒာရပ်ကွက်တွင် (၂၅ – ၅ -၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလံအိမ်ထောင်စု (၁၈) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးပါ စက္ကူပုံး (၁၈) ပုံးတို့အား (၂၇ – ၅ – ၂၀၁၇) ရက်နေ့တွင် လေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source:ကသာခရိုင်ဦးစီးမှူးရုံး (ကဆရ)