ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အလှပ်ကျေးရွာအုပ်စု၊ ကမ်းနားပိုင်းတွင် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ပင်လယ်လှိုင်းရိုက်ခတ်၍ ရေငံတမံ ပြိုကျမှုကြောင့် အိမ်ခြေ (၃) လုံးပြိုကျခဲ့ပြီး အိမ်ခြေ (၂) လုံး ယိုင်နှဲ့ခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြိုကျအိမ်ခြေ (၃) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုးပါ (၃) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ (၃၈၇,၃၀၀) ကျပ်နှင့် ယိုင်နှဲ့အိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇) မျိုးပါ (၂) ပုံးတို့အား (၂၈-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သထုံခရိုင်ဦးစီးမူးရုံး(ကဆရ)