Category Archives: News
-
မြစ်ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ်များမှ ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ကျေးရွာတွင် (၃၁-၈-၂၀၁၇)ရက်နေ့၌ မြစ်ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦး အတွက် Family Kits (၂၂) မျိုးပါ (၂) ပုံး (၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ စုစုပေါင်း … Read more
-
မွေးကင်းစကလေးငယ်များစွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနည်းပြသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြား
၁-၉-၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနကတာဝန်ယူဖွဲ့စည်းဆောင်ရွက်နေသောမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးရေးရာကော်မတီအနေဖြင့်အမျိုးသမီးအရေးကိစ္စများနှင့်သက်ဆိုင်သောအမျိုးသမီးအဖွဲ့အစည်းအသီးသီးပါဝင်မှု၊ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သောပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအပါအဝင်အခြားဆက်စပ်ဝန်ကြီးဌာနများ၊ပညာရှင်အမျိုးသမီးကြီးများပါဝင်ဆောင်ရွက်သည့် “မွေးကင်းစကလေးစွန့်ပစ်ခြင်းမှကာကွယ်တားဆီးရေးနည်းပြသင်တန်း”ကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ (၂၈)ရက်မှ (၃၁)ရက်နေ့အထိနေပြည်တော်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဆောက်အဦခန်းမ၌ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၁၇ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ကကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးတက်ရောက်အမှာစကားပြောကြားခဲ့ရာပြည်ထောင်စုဝန်ကြီးက “မွေးကင်းစကလေးငယ်များစွန့်ပစ်မှုများကိုပိုမိုမြင်တွေ့ကြားသိလာရပါကြောင်း၊မွေးကင်းစကလေးစွန့်ပစ်ရခြင်း၏ အကြောင်းရင်းများကိုလေ့လာကြည့်ပါကဆင်းရဲမွဲတေမှုကြောင့် ကလေးများကို ပြုစုပျိုးထောင်ရန် မတတ်နိုင်ခြင်း၊ ဆယ်ကျော်သက်အရွယ် မလိုလားသောအချိန်တွင် ကိုယ်ဝန်ဆောင်မွေးဖွားရခြင်းကြောင့် လူမှုပတ်ဝန်းကျင်တွင် ရင်ဆိုင်ရမည့် အခက်အခဲများ၊ စိတ်ဖိစီးမှုများ ကြုံတွေ့ရခြင်း၊ မည်သည့်အရွယ်တွင်မဆို ကြိုတင်ပြင်ဆင်မှုမရှိဘဲကိုယ်ဝန်ရခြင်းကြောင့် ဆက်လက်ပြုစုမွေးမြူရန်အခက်အခဲရှိခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကြောင့် မွေးရခြင်းနှင့် ကလေးငယ်စဉ်မွေးရာပါ ချို့ယွင်းချက်ရှိခြင်းစသည်တို့သည် မွေးကင်းစကလေးစွန့်ပစ်ခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ … Read more
-
ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစု ကျေးရွာ ရေဘေးသင့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစု ကျေးရွာ၌ (၂၉-၈-၂၀၁၇) ရက်နေ့တွင် ရေဝင်ရက်ကြာမြင့်၍ မြေနူးအိကာ ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် Family Kits (၂၂)မျိုး (၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀) ကျပ်အား (၁-၉-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ထောက်ပံ့လှူဒါန်းသောအလှူငွေ၊ စားနပ်ရိက္ခာနှင့် အသုံး အဆောင်ပစ္စည်းများကိုထိရောက်အကျိုးရှိစွာအသုံးပြုသွား မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
၁-၉-၂၀၁၇ ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ငြိမ်းချမ်းရေးဂီတပွဲတော် အဖွဲ့သူ၊ အဖွဲ့သားများမှ ငွေကျပ် (၉၀၀၀၀၀/-) တန်ဖိုးရှိ Polo Shirt (၁၅၀) ထည်၊ ငွေကျပ် (၆၇၀၀၀၀/-) တန်ဖိုးရှိ Premier ကော်ဖီ (၁၁) ပုံး၊ ငွေကျပ် (၃၀၆၀၀၀) တန်ဖိုးရှိ Designer ရေသန့် (၁၅၀) ကတ်နှင့် ငွေသား (၂၈၂၀၀၀၀/-) ကျပ်ကို (၁.၉.၂၀၁၇) ရက်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ … Read more
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၁၇) ရက်နေ့ ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်၊မင်းလမ်းတွင်ဖြစ်ပွားသောမီးဘေးအတွက် အိမ်(၂)လုံးထောက်ပံ့ငွေ (၄)သိန်း၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၂၆၀၀)ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပလက်စတစ်ပုံး(၂)အိမ်ထောင်စာ၊ family kits (၂)ပုံး၊တို့အား (၁.၉.၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၇) ရက်နေ့၌ ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား ဦးစီးဌာန၏လုပ်ဆောင်ချက်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစနစ်၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်များကို (၁၀း၀၀)နာရီမှ (၁၁း၃၀) နာရီအထိ ဆွေးနွေးဟောပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၆၇) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိ ပါသည်။
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်းတုန်းမြို့နယ်၊ မြမ္မာ ပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁,၀၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၆,၆၀၀) ကျပ်အားလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု၊ ကင်းမွန်းချောင်းကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၇) ရက်နေ့တွင် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ စုစုပေါင်း (၈၆) ဦးအား ဦးစီးဌာနလုပ်ဆောင်ချက်များ၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုစနစ်များ၊ သဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး(ကဆရ)
-
မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ၊ ထောပတ်ကုန်းရပ်နေ အိမ်ရှင်ဦးမဲကြီးနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)တို့အတွက် မိုးညှင်းသိုလှောင်ရုံတွင် ထားရှိသော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၄,၇၀၀)အား (၃၁-၈-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
-
အလှူငွေလက်ခံရရှိမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဒေါက်တာ ဦးမောင်မြင့်+ဒေါက်တာ ဒေါ်ခင်မွန်မိသားစုမှ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၏ အရေးပေါ် လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် အလှူငွေကျပ် သိန်း (၁၀၀) အား (၁-၉-၂၀၁၇) ရက် နေ့တွင် လာရောက်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)









