ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်‌‌ထောင်‌စုနယ်‌‌မြေ နေပြည်‌‌တော်‌ တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၇) ရက်နေ့၌ ဥတ္တရသီရိမြို့နယ်၊ အ‌ထွေ‌ထွေအုပ်‌ချုပ်‌‌ရေးဦးစီးဌာနအစည်းအ‌ဝေးခန်းမတွင်‌ ရပ်‌‌ကွက်‌အုပ်‌ချုပ်‌‌ရေးမှူးများနှင့် ရာအိမ်‌မှူး၊ ဆယ်‌အိမ်‌မှူးများအား ဦးစီးဌာန၏လုပ်‌‌ဆောင်‌ချက်‌များ၊ သဘာဝ‌ဘေးအန္တရာယ်‌စီမံခန့်ခွဲမှုစနစ်‌၊ သ‌ဘောတရားများနှင့် DAN Mobile Application အသုံးပြုပုံနည်းစနစ်‌များကို (၁၀း၀၀)နာရီမှ (၁၁း၃၀) နာရီအထိ ဆွေးနွေးဟော‌ပြောခဲ့ရာ အဆိုပါဟောပြောပွဲသို့ စုစုပေါင်းလူဦးရေ (၆၇) ဦး တက်‌‌ရောက်‌ခဲ့ကြောင်းသတင်းရရှိ ပါသည်။

Sign Up

Upcoming Events