လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဂွေးတောက်ကွင်း ကျေးရွာတွင် (၃၁-၈-၂၀၁၇)ရက်နေ့၌ မြစ်ရေတိုက်စားမှုကြောင့် မျောပါပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦး အတွက် Family Kits (၂၂) မျိုးပါ (၂) ပုံး (၂) အိမ်ထောင်စုစာ၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၈၉၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)၊ စုစုပေါင်း (၂၁၈၉၀၀ိ/-) ကျပ်တို့အား (၁-၉-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
Source: ဧရာတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)