
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာအုပ်စု၊ ဒွါရစု ကျေးရွာ၌ (၂၉-၈-၂၀၁၇) ရက်နေ့တွင် ရေဝင်ရက်ကြာမြင့်၍ မြေနူးအိကာ ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၅)ဦးအတွက် Family Kits (၂၂)မျိုး (၁)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၁၀၅၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၀၅၀၀) ကျပ်အား (၁-၉-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)