၁-၉-၂၀၁၇
ရခိုင်ပြည်နယ်အတွင်းဒေသခံတိုင်းရင်းသားများ၏ အရေးပေါ်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော ငြိမ်းချမ်းရေးဂီတပွဲတော် အဖွဲ့သူ၊ အဖွဲ့သားများမှ ငွေကျပ် (၉၀၀၀၀၀/-) တန်ဖိုးရှိ Polo Shirt (၁၅၀) ထည်၊ ငွေကျပ် (၆၇၀၀၀၀/-) တန်ဖိုးရှိ Premier ကော်ဖီ (၁၁) ပုံး၊ ငွေကျပ် (၃၀၆၀၀၀) တန်ဖိုးရှိ Designer ရေသန့် (၁၅၀) ကတ်နှင့် ငွေသား (၂၈၂၀၀၀၀/-) ကျပ်ကို (၁.၉.၂၀၁၇) ရက်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အဆိုပါ လှူဒါန်းပစ္စည်းနှင့်လှူဒါန်းငွေကို ရခိုင်ပြည်နယ် ရှိဒေသခံတိုင်းရင်းသားများ၏ လိုအပ်သောအကူအညီထောက် ပံ့မှုများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ပါသည်။
Source: MSWRR