ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်းတုန်းမြို့နယ်၊ မြမ္မာ ပြာသာကျေးရွာအုပ်စု၊ ရွာသာကြီးကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁,၀၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၀၉၆,၆၀၀) ကျပ်အားလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စု၊ ကင်းမွန်းချောင်းကျေးရွာ၌ (၂၈-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုး ဘေးကြောင့် သေဆုံးသူတစ်ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အားလည်းကောင်း (၃၀-၈-၂၀၁၇) ရက် နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)