ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၁၇)ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန့်မွန်းကျေးရွာ၊ ထောပတ်ကုန်းရပ်နေ အိမ်ရှင်ဦးမဲကြီးနေအိမ်၌ ဘုရားမီးပူဇော်ရာမှ မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၇)တို့အတွက် မိုးညှင်းသိုလှောင်ရုံတွင် ထားရှိသော ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁)အိမ်ထောင်စုစာ၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၄,၇၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၁၁၄,၇၀၀)အား (၃၁-၈-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။