Category Archives: News
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ်၊ ခမောင်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန် (၁) အိတ် (၉) ပြည် (၂) ဘူး၊ ဆီ (၃) ပိဿာ၊ ပဲ (၃) ပိဿာ၊ ဆား (၁) ပိဿာ (၅၀) သား တို့အား သံတွဲမြို့နယ်၊ ထွေ/အုပ်သို့ (၁၁-၉-၂၀၁၇) … Read more
-
မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက် မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၁-၉-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၌ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုး (၂) အိမ်ထောင်စာ၊ Family kit (၂) ထုပ်၊ ပလပ်စတစ်ရေပုံး (၄) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀၀) ကျပ်နှင့် ကြိုတင်ဖျက်သိမ်းမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၁၂) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၂၅၂၀၀) ကျပ်၊ ထောက်ပံ့ငွေစုစုပေါင်း … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဘုန်းကြီးကုန်ကျေးရွာအုပ်စု၊ ရေဝင်လေးကျေးရွာ၌ (၉-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား မြို့နယ် NLD၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့နှင့်အတူ (၁၁-၉-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သရက်မြို့၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၇)” ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီတွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၇)” ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား၌ သရက်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စိုးဝင်း (ဦးစီးအရာရှိ) က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်ေ တာ်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၉-၂၀၁၇) ရက်နေ့တွင် ခန္တီးမြို့နယ်၊ ကင်းတော်ကျေးရွာရှိ ကျေးရွားသူ/ကျေးရွာသာ (၁၂၀) ဦးအား သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ARSA အစွန်းရောက် အကြမ်းဖက်မှုများကြောင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ခေတ္တနေရပ်စွန့်ခွာ ဒေသခံတိုင်းရင်းသားများ ယာယီခေတ္တခိုလှုံရာနေရာများသို့ သွားရောက်ထောက်ပံ့မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်ဦးဆောင်၍ ရခိုင်ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများသည် (၁၀- ၉- ၂၀၁၇ )ရက်နေ့တွင် ARSA အစွန်းရောက်အကြမ်းဖက်မှုများကြောင့် ရသေ့တောင်မြို့နယ် ယာယီခိုလှုံရာနေရာများသို့ ရောက်ရှိနေသော ရသေ့တောင်မြို့နယ်အတွင်းရှိ ရခိုင်နှင့် ဒိုင်းနက်လူမျိုးများ အများစုနေထိုင်ရာကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအတွက် ဆန်နှင့်စားနပ်ရိက္ခာအတွက် ထောက်ပံ့ငွေ (၁,၇၂၅,၄၃၄/- )ကျပ်အားလည်းကောင်း၊ အလှူရှင်များမှ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လှူဒါန်းထားသော အလှူငွေများဖြင့် ဒေသခံတိုင်းရင်းသားများ၏ သားသမီး ကျောင်းသား/သူ (၁၈၁) … Read more
-
သပိတ်ကျင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
(၁၀-၉-၂၀၁၇) ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာ၊ ကျောက်ဖြူကျေးရွာ၊ ကမ်းပါးနီကျေးရွာနှင့် လိပ်ကျကျေးရွာတို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ပြိုကျပျက်စီးအိမ်ခြေ (၅၀) အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ တစိတ်တပိုင်းပျက်စီးအိမ်ခြေ (၈၂) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ရေဘေးသင့်အိမ်ခြေ (၁၃၂) အိမ်ထောင်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၉၁၀၀၀၀၀) ကျပ်၊ ရေဘေးသင့်လူဦးရေ (၅၄၉) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၁၅၂၉၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂၅၂၉၀၀) ကျပ်နှင့် … Read more
-
နေရပ်စွန့်ခွာလာသော အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့သည် နေရပ်စွန့်ခွာလာပြီး ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တခိုလုံနေသော အိမ်ထောင်စု(၅)စုအတွက် ပလတ်စတစ်စ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာအား (၈-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ (၉-၉-၂၀၁၇) ရက်နေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆီ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၅)စုစာနှင့် လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတို့ကိုလည်းကောင်း အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသခံ လူနည်းစု တိုင်းရင်းသားများအား တွေ့ဆုံပြီး ၎င်းတို့၏ အကြမ်းဖက်ခံရမှုနှင့် ခံစားချက်စကားသံများအား နားထောင်၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့်အတူ (၁၀-၉-၂၀၁၇)ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ခံစားရသည့် ဒေသခံလူနည်းစု တိုင်းရင်းသားများ ဖြစ်သော မြိုလူမျိုး၊ သက်လူမျိုး၊ ဒိုင်းနက်လူမျိုး၊ ခမီးလူမျိုး၊ ရခိုင်လူမျိုးများနှင့် ဟိန္ဒူဘာသာကိုးကွယ်သူများအား တွေ့ဆုံ၍ လူနည်းစုတိုင်းရင်းသားများ၏ ခံစားချက်များ၊ စကားသံများအား နားထောင်ခဲ့ပါသည်။ ၂။ မြိုတိုင်းရင်းသားများမှ ပြောကြားရာတွင် “မိမိတို့တိုင်းရင်းများသည် မောင်တောဒေသတွင် လူနည်းစုဖြစ်ကြာင်း၊ မိမိတို့ မြိုတိုင်းရင်းသားများ … Read more









