
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီတွင် သရက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းအမှတ်စဉ်(၁/၂၀၁၇)” ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား၌ သရက်ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေလင်းက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်စိုးဝင်း (ဦးစီးအရာရှိ) က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ လွှတ်ေ တာ်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသူ သင်တန်းသား စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၁-၉-၂၀၁၇) ရက်နေ့မှ (၁၃-၉-၂၀၁၇) ရက်နေ့ထိ (၃) ရက်တာကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၃၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)