
ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတို့သည် နေရပ်စွန့်ခွာလာပြီး ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တခိုလုံနေသော အိမ်ထောင်စု(၅)စုအတွက် ပလတ်စတစ်စ်ပုံးပါ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၅) အိမ်ထောင်စာအား (၈-၉-၂၀၁၇) ရက်နေ့တွင်လည်းကောင်း၊ (၉-၉-၂၀၁၇) ရက်နေ့တွင် အိမ်ထောင်စု(၁)စုလျှင် ဆီ (၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၅)စုစာနှင့် လူဦးရေ(၂၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာတို့ကိုလည်းကောင်း အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)