ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၁၇) ရက်နေ့တွင် သံတွဲမြို့နယ်၊ ခမောင်းကျေးရွာအုပ်စု၊ ဒေါ်မြကျေးရွာသို့ ရောက်ရှိခိုလှုံနေသည့် နေရပ်စွန့်ခွာ အိမ်ထောင်စု (၆) စု၊ လူဦးရေ (၁၉) ဦးတို့အတွက် ဆန် (၁) အိတ် (၉) ပြည် (၂) ဘူး၊ ဆီ (၃) ပိဿာ၊ ပဲ (၃) ပိဿာ၊ ဆား (၁) ပိဿာ (၅၀) သား တို့အား သံတွဲမြို့နယ်၊ ထွေ/အုပ်သို့ (၁၁-၉-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)